ငရုတ်ကောင်း စားပေး ကျန်းမာရေး
အညှီနိုင်သလို ပူရှိန်းရှိန်းနဲ့ မွှေးပျံ့တဲ့ အစွမ်းသတ္တိတွေကြောင့် ဟင်းခါးတွေကနေစလို့ အသားဟင်းတွေအထိ မပါရင် မပြီးတတ်တဲ့ ငရုတ်ကောင်းက ခံတွင်းရှင်းစေသလို ကျန်းမာရေးကိုလည်း တစ်ထက်တစ်လမ်းကနေ အားဖြည့်ပေးနေပါတယ်။
အများကြီးစားရင် ရင်ပူတာ၊ အစာအိမ်နာတာကို ဖြစ်စေနိုင်ပေမယ့် အတန်အသင့် စားမယ်ဆိုရင်တော့ ကျန်းမာရေးကို အခုလိုလေး အားဖြည့်ပေးနိုင်မှာပါတဲ့။
ကျန်းမာစေမယ့် ငရုတ်ကောင်း
ပရိုတင်း၊ ကစီဓာတ်၊ အချိုဓာတ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဗီတာမင် အေ၊ စီ၊ အီး တို့ ပါဝင်နေတဲ့ ငရုတ်ကောင်းကို စားပေးတာက ကျန်းမာရေးကို အခုလို အားဖြည့်ပေးပါတယ်။
နာတာရှည် ရောဂါ ကင်းစေတယ်
အင်ဒီအောက်ဆီးဒင့် ပါဝင်နေတာက ဆီးချို၊ သွေးတိုး၊ ကင်ဆာလိုမျိုး နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
အရောင်ကျစေတယ်
ကိုယ်တွင်းကိုယ်က နာကျင်ရောင်ရမ်းတာ၊ အရေပြား ရောင်ရမ်းနီမြန်းတာတွေ သက်သာစေဖို့ ငရုတ်ကောင်း စားပေးပါ။
ဘက်တီးရီးယား ကာကွယ်ပေးတယ်
ငရုတ်ကောင်းမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားပြဿနာကို သက်သာစေသလို အစားကနေ ကူးစက်တဲ့ ဘက်တီးရီးယား ကူးစက်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ကင်ဆာ ကာကွယ်နိုင်တယ်
ဓာတ်ခွဲစမ်းသပ်မှု ရလဒ်တွေအရ ငရုတ်ကောင်းစားပေးတာက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်တာ၊ အူမကြီးကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်လို့ သိရပါတယ်။
သွေးထဲမှာ ကျန်းမာစေတဲ့ အဆီ တိုးစေတယ်
ငရုတ်ကောင်းက အဆီကျစေနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးထဲက ကျန်းမာစေတဲ့ အဆီတွေကို တိုးစေနိုင်ပါတယ်။
သွေးချိုထိန်းပေးတယ်
အင်ဆူလင် တုံ့ပြန်နိုင်စွမ်း တိုးစေပြီး သွေးချိုပမာဏကို ကျန်းမတဲ့ ပမာဏအတွင်း ရှိနေအောင် ထိန်းပေးပါတယ်။
ဦးနှောက် ကျန်းမာစေတယ်
ငရုတ်ကောင်းက ဦးနှောက် စွမ်းဆောင်ရည်ကို တိုးစေပြီး မေ့တတ်တာ၊ အယ်လ်ဇိုင်းမား ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ကူပေးပါတယ်။
ငရုတ်ကောင်းပါတဲ့ ဟင်းလျာလေးတွေ စားရင်း ကျန်းမာရေးကို ထိန်းသိမ်းပါ။
မွန်မွန်